အမေ့ကျန်းမာရေးအတွက် အကူညီတောင်းခံခြင်းပါ
မင်္ဂလာပါခင်ဗျာ ကျနော် အကူညီတောင်းချင်တာပါ ကျနော့် အမေ ကျန်းမာရေးအသည်းအသန်ဖြစ်နေလို့ ရန်ကုန်ဆေးရုံကြီးမှာတင်ထားရပါတယ်ခင်ဗျာ။ ကျနော့်အလုပ်က Developer ပါခင်ဗျာ။ အမေ့အတွက် ဆေးဖိုး ငါးသိန်းအရေးပေါ် လိုအပ်နေလို့ပါခင်ဗျာ။ Company ကနေ လစာကြိုထုတ်ဖို့ Request လုပ်ထားပေမဲ့ 20 ရက်နေ့မှ ထုတ်ပေးမယ်ဆိုလို့ပါခင်ဗျာ။ ကျနော်တို့ မိသားစုက ဆွေမျိုးတွေနဲ့လဲ အဆက်အဆံမလုပ်ပဲနေခဲ့ကြတာမို့လို့ ခု အကြပ်အတည်းဖြစ်နေချိန်မှာ သူငယ်ချင်းအပေါင်းသင်းတွေဆီက ချေးငှားဖို့ကြိုးစားခဲ့ပေမဲ့ အဆင်မပြေဖြစ်နေပါတယ်ခင်ဗျာ။ ဆေးရုံက အမေ့အတွက် ဆေးတွေဝယ်ခိုင်းပါတယ် ဆေးတွေမဝယ်နိုင်တာ နှစ်ရက်ရှိနေပါပြီ။ ကျနော် 20 ရက်နေ့ကျရင် ငါးသိန်းလုံးပြန်ဆပ်ပါ့မယ် အတိုးနဲ့ယူမယ်ဆိုလဲရပါတယ် တခါမှ ပိုက်ဆံချေးငှားတာမလုပ်ဖူးတဲ့သူမို့လို့ ဘယ်ကနေ အတိုးနဲ့သွားချေးရမလဲဆိုတာလဲ အသိမိတ်ဆွေလဲမရှိပါဘူးခင်ဗျာ။ လိုအပ်ရင် ကျနော့် မှတ်ပုံတင် အိမ်လိပ်စာနဲ့တကွ အချက်အလက် အကုန်ပေးပြီး အာမခံမဲ့သူလဲ သေချာပေးနိုင်ပါတယ်ခင်ဗျာ။ အားလုံး ကျနော့်ကို အမေ့အတွက် ကျေးဇူးဆပ်ဖို့ အခွင့်အရေးပေးကြပါလို့ ကျနော် မေတ္တာရပ်ခံပါရစေခင်ဗျာ။