ရှဥ့်ကလေးရဲ့ကံ့ကော် / ရွဥ့္ကေလးရဲ႕ကံ့ေကာ္ (Unicode & Zawgyi)
ရှဥ့်ကလေးရဲ့ ကံ့ကော်
၁
ဒီနေရာမှာ အလွမ်းဓာတ်တွေ အသက်ရှုမှားနေကြတယ်။ ရပ်တန့်လုနီးပါးဖြစ်နေတဲ့ သွေးစီးဆင်းမှုကို မောင်းနှင်ရင်း အသိစိတ်ကိုပြန်နှိုးကြည့်တော့လည်း မထူးလာခဲ့။ မျက်မှန်ကိုင်းကို ချွတ်လိုက်တော့ အမှုန်အမွှားတွေ အလုံးအရင်းပြေးဝင်လာပြီး မှုန်ဝါးနေတဲ့ကြားက မျက်တောင်ဖျားဟာ ရစ်ပတ်ရင်း ကျွန်မ ချစ်မိသွားတယ် ဒါမှမဟုတ် ခြစ်မိသွားတာလည်း ဖြစ်နိုင်တယ်။
၂
သဲခင်းထားတဲ့ဆက်ဆံရေးကို ရေလောင်းတော့ အေးခနဲ ဖြစ်သွားတဲ့ ခံစားချက်။ အကိုဟာ သိပ်ချစ်ဖို့ကောင်းတယ်။ အကိုရဲ့အရင်လူ မနာကျင်စေဖို့ ကျွန်မကိုရွေးတယ်။ ကြွေလွင့်ဆဲ ကံ့ကော်ကို တိပ်နဲ့ကပ်လို့ ကျွန်မလည်း အကို့ကို ရွေးချယ်။ အကိုသိသလား ဘယ်သူ့မျက်နှာမှ ထောက်စရာမလိုပဲ နာကျင်နေရတာကလည်း အရသာပါပဲ။
၃
အကို့ ကို သိပ်သတိရတဲ့ နေ့တွေမှာ ကံ့ကော်တွေကို နမ်းတယ်။ လေဟာကြေကွဲတဲ့ အမူအရာနဲ့ တိုက်ခတ်လို့ မြက်ရိုင်းပင်တွေ တိတ်ဆိတ်စွာ ယိမ်းနွဲ့နေလေရဲ့။ အကို့ရဲ့ အရိပ်ထဲ ခို၀င်ပြီး စကားလုံးတွေ မြင်ကွင်းအဖြစ်ပုံဖော်ရင်း တောင်ဟေမာန်တောထဲ ကျွန်မလမ်းပျောက်နေပြီထင်ပါတယ်။
၄
ပန်းရောင်စုံတွေကြား အစောဆုံး မကြွေဘူးလို့ထင်ရမဲ့ ပန်းတစ်ပွင့်ကို ကံ့ကော်လို့ နာမည်ပေးခဲ့တယ်။ အကိုသိလား ကျွန်မစာအုပ်ကြားက ပန်းတစ်ပွင့်ဟာလည်း ကံ့ကော်၊ ရှဉ့်ကလေးချစ်တာကလည်း ကံ့ကော်၊ မှတ်ဉာဏ်နဲ့အပြည့် လျှံထွက်နေတဲ့ ကံ့ကော်တွေကို ခူးဆွတ်ပြီး ကံကော်ကို မြင်ရင် ကျွန်မ မျက်၀န်းကမျက်ရည်စတွေဒလဟော၊ မှုန်ဝါး၊ ထုံထှိုင်း၊ ပေါက်ပြဲမတတ်။
ကံ့ကော်နံ့သင်းရင် ကျွန်မ အသက်ရှုသံတွေ ဒုန်းဆိုင်းဆင်း၊ ဖိုလှိုက်မော။
ကံ့ကော်ရေလို့ ကြားရင် ကျွန်မခန္ဓာဟာ ဂျုံးဂျုံးကျ၊ လွန့်လူး၊ လှိုက်ခါ။
ကံ့ကော်ရေလို့ အော်ရင် ကျွန်မလည်မျို ပိတ်ဆို့၊ ထိရှ၊ အက်ကွဲ။
ကံ့ကော်ရေ လို့ရေးရင် ကျွန်မညာလက်ဟာ တုန်ရီ၊ မမြဲ။
ကံကော်တွေကို တစ်ပွင့်ချင်း ကြိတ်ဝါးရင်း နှုတ်ခမ်းသားတွေ ကိုက်မိ အိုသွေးဟာ တစိမ့်စိမ့်။
၅
ကျွန်မ အကို့ကိုရူးတယ်။ ဒါပေမယ့် အိန္ဒြေ သိက္ခာရှိရှိပါပဲ။ ဒါတွေမတိုင်ခင် ကျွန်မကိုယ်တိုင် ရူးမှန်းမသိရူးနေခဲ့တဲ့ သွေးစက နွေဦးမှာပွင့်တဲ့ ကံ့ကော်။ အကိုရဲ့ကံ့ကော်ပွင့်လေးရော အဆင်ပြေရဲ့လား။ ဒဏ်ရာ ဒဏ်ချက်တွေကိုခါးစီးခံရင်း အကိုပြန်အလာ မွှေးရနံ့ပေး အေးချမ်းစေချင်တဲ့ ကျွန်မဟာ ရှဥ့်တစ်ကောင်လို ထပ်ရူးရပြန်တယ်။
_ဟန်နွေနစ်
....
ရွဥ့္ကေလးရဲ႕ ကံ့ေကာ္
၁
ဒီေနရာမွာ အလြမ္းဓာတ္ေတြ အသက္ရႈမွားေနၾကတယ္။ ရပ္တန႔္လုနီးပါးျဖစ္ေနတဲ့ ေသြးစီးဆင္းမႈကို ေမာင္းႏွင္ရင္း အသိစိတ္ကိုျပန္ႏွိုးၾကည့္ေတာ့လည္း မထူးလာခဲ့။ မ်က္မွန္ကိုင္းကို ခြၽတ္လိုက္ေတာ့ အမႈန္အမႊားေတြ အလုံးအရင္းေျပးဝင္လာၿပီး မႈန္ဝါးေနတဲ့ၾကားက မ်က္ေတာင္ဖ်ားဟာ ရစ္ပတ္ရင္း ကြၽန္မ ခ်စ္မိသြားတယ္ ဒါမွမဟုတ္ ျခစ္မိသြားတာလည္း ျဖစ္နိုင္တယ္။
၂
သဲခင္းထားတဲ့ဆက္ဆံေရးကို ေရေလာင္းေတာ့ ေအးခနဲ ျဖစ္သြားတဲ့ ခံစားခ်က္။ အကိုဟာ သိပ္ခ်စ္ဖို႔ေကာင္းတယ္။ အကိုရဲ႕အရင္လူ မနာက်င္ေစဖို႔ ကြၽန္မကိုေ႐ြးတယ္။ ေႂကြလြင့္ဆဲ ကံ့ေကာ္ကို တိပ္နဲ႕ကပ္လို႔ ကြၽန္မလည္း အကို႔ကို ေ႐ြးခ်ယ္။ အကိုသိသလား ဘယ္သူ႕မ်က္ႏွာမွ ေထာက္စရာမလိုပဲ နာက်င္ေနရတာကလည္း အရသာပါပဲ။
၃
အကို႔ ကို သိပ္သတိရတဲ့ ေန႕ေတြမွာ ကံ့ေကာ္ေတြကို နမ္းတယ္။ ေလဟာေၾကကြဲတဲ့ အမူအရာနဲ႕ တိုက္ခတ္လို႔ ျမက္ရိုင္းပင္ေတြ တိတ္ဆိတ္စြာ ယိမ္းႏြဲ႕ေနေလရဲ႕။ အကို႔ရဲ႕ အရိပ္ထဲ ခို၀င္ၿပီး စကားလုံးေတြ ျမင္ကြင္းအျဖစ္ပုံေဖာ္ရင္း ေတာင္ေဟမာန္ေတာထဲ ကြၽန္မလမ္းေပ်ာက္ေနၿပီထင္ပါတယ္။
၄
ပန္းေရာင္စုံေတြၾကား အေစာဆုံး မေႂကြဘူးလို႔ထင္ရမဲ့ ပန္းတစ္ပြင့္ကို ကံ့ေကာ္လို႔ နာမည္ေပးခဲ့တယ္။ အကိုသိလား ကြၽန္မစာအုပ္ၾကားက ပန္းတစ္ပြင့္ဟာလည္း ကံ့ေကာ္၊ ရွဉ့္ကေလးခ်စ္တာကလည္း ကံ့ေကာ္၊ မွတ္ဉာဏ္နဲ႕အျပည့္ လွ်ံထြက္ေနတဲ့ ကံ့ေကာ္ေတြကို ခူးဆြတ္ၿပီး ကံေကာ္ကို ျမင္ရင္ ကြၽန္မ မ်က္၀န္းကမ်က္ရည္စေတြဒလေဟာ၊ မႈန္ဝါး၊ ထုံထွိုင္း၊ ေပါက္ၿပဲမတတ္။
ကံ့ေကာ္နံ႕သင္းရင္ ကြၽန္မ အသက္ရႈသံေတြ ဒုန္းဆိုင္းဆင္း၊ ဖိုလွိုက္ေမာ။
ကံ့ေကာ္ေရလို႔ ၾကားရင္ ကြၽန္မခႏၶာဟာ ဂ်ဳံးဂ်ဳံးက်၊ လြန့္လူး၊ လွိုက္ခါ။
ကံ့ေကာ္ေရလို႔ ေအာ္ရင္ ကြၽန္မလည္မ်ိဳ ပိတ္ဆို႔၊ ထိရွ၊ အက္ကြဲ။
ကံ့ေကာ္ေရ လို႔ေရးရင္ ကြၽန္မညာလက္ဟာ တုန္ရီ၊ မၿမဲ။
ကံေကာ္ေတြကို တစ္ပြင့္ခ်င္း ႀကိတ္ဝါးရင္း ႏႈတ္ခမ္းသားေတြ ကိုက္မိ အိုေသြးဟာ တစိမ့္စိမ့္။
၅
ကြၽန္မ အကို႔ကို႐ူးတယ္။ ဒါေပမယ့္ အိႏၵျေ သိကၡာရွိရွိပါပဲ။ ဒါေတြမတိုင္ခင္ ကြၽန္မကိုယ္တိုင္ ႐ူးမွန္းမသိ႐ူးေနခဲ့တဲ့ ေသြးစက ႏြေဦးမွာပြင့္တဲ့ ကံ့ေကာ္။ အကိုရဲ႕ကံ့ေကာ္ပြင့္ေလးေရာ အဆင္ေျပရဲ႕လား။ ဒဏ္ရာ ဒဏ္ခ်က္ေတြကိုခါးစီးခံရင္း အကိုျပန္အလာ ေမႊးရနံ႕ေပး ေအးခ်မ္းေစခ်င္တဲ့ ကြၽန္မဟာ ရွဥ့္တစ္ေကာင္လို ထပ္႐ူးရျပန္တယ္။
_ဟန္ႏြေနစ္